Sunday, December 27, 2009

ကာရန်မညီသောကဗျာ

အခါအခွင့်သင့်ခဲ့ရင်တော့
မင်းကိုပြောပြဖြစ်ခဲ့မှာပေါ့
ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်အကြောင်း..

ဟိုး....အဝေးဆုံးကိုလှမ်းမျှော်ကြည့်မိတိုင်း
သက်ပြင်းချသံတွေပဲ
(အခါခါ)ပဲ့တင်ထပ်နေခဲ့ပေမဲ့
မျှော်လင့်ချက်နဲ့အသက်ဆက်ရင်း
နားလည်မှုတွေနဲ့စောင့်နေခဲ့မိ။

မျှော်လင့်မထားခဲ့ပါဘူး
အဝေးဆုံးကိုထွက်ခွာသွားလိမ့်မယ်ဆိုတာ
ခုတော့
အတိတ်တစ်ခုကပြောင်းလဲတတ်တဲ့နိယာမအောက်
ဒဏ်ရာအဖြစ်နဲ့ထင်ကျန်နေခဲ့ပြီ။

လရောင် (ဆေးဘက်)

No comments:

Post a Comment