Wednesday, December 16, 2009

အရင်အတိုင်း

ဒဏ္ဍာရီ တစ် ပုဒ်လို
အဆုံး သတ် မလှပတဲ့ အတိတ် ကို
အတိတ်မှာ ထားခဲ့ တာပါပဲ။
ဒါပေမဲ့ တိုက် ဆိုင် မှုတွေရှိတိုင်း
ဟိုတုန်းက အမှတ်တရတွေကို
သတိရမိရင်းမိုးရေစက်တွေကြားထဲ
မင်းအမည်လေး ငါတိုးတိုးခေါ်နေမိတယ်....။

မင်းမရှိတဲ့မြို့တော် မှာ
ငါခံစားချက်တွေ ဘာသာ မဲ့ နေခဲ့တာ
ကြယ်လေးတွေသိပါလိမ့် မယ်...
အလွမ်းတွေ တောက်လျှောက်ခိုဝင်နေတဲ့
ငါ့ရင်ခွင်ထဲ
မင်းပုံရိပ်တွေ ပွင့် ဝေနေတုန်းပဲ..
ထပ်ပြောပါရစေ....
မသေချာခြင်းတွေကတစ္ဆေ တစ်ကောင် လို
အိပ်မက်ထဲထိ ခြောက်လှန့်နေပေမဲ့
ခွင့် လွှတ်ခြင်းမျှောင်လင့် ခြင်းတွေနဲ့
ငါ့အချစ်တွေ နေမ၀င်သေးဘူးဆိုတာ....
လရောင်(ဆေးဘက်)

No comments:

Post a Comment