အခါအခွင့်သင့်ခဲ့ရင်တော့
မင်းကိုပြောပြဖြစ်ခဲ့မှာပေါ့
ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်အကြောင်း..
ဟိုး....အဝေးဆုံးကိုလှမ်းမျှော်ကြည့်မိတိုင်း
သက်ပြင်းချသံတွေပဲ
(အခါခါ)ပဲ့တင်ထပ်နေခဲ့ပေမဲ့
မျှော်လင့်ချက်နဲ့အသက်ဆက်ရင်း
နားလည်မှုတွေနဲ့စောင့်နေခဲ့မိ။
မျှော်လင့်မထားခဲ့ပါဘူး
အဝေးဆုံးကိုထွက်ခွာသွားလိမ့်မယ်ဆိုတာ
ခုတော့
အတိတ်တစ်ခုကပြောင်းလဲတတ်တဲ့နိယာမအောက်
ဒဏ်ရာအဖြစ်နဲ့ထင်ကျန်နေခဲ့ပြီ။
လရောင် (ဆေးဘက်)
Sunday, December 27, 2009
Wednesday, December 23, 2009
ဆန္ဒ
အပြင်မှာမင်းသိခွင့် တောင်မရလိုက်တဲ့
ငါ့ အချစ်တွေ က
အိမ်မက်ထဲမှာတော့ မင်းအတွက် အခါခါ
ဖူးပွင့် နေတဲ့ ဥယျာဉ် တစ် ခုပါပဲ....
ဆုံနိုင်ခွင့် မရှိတဲ့နောက်
ရှေ့ ဆက်ရမဲ့ နေ့ ရက်တွေက
မျှော်လင့်ခြင်းတွေ
တစ်စစီပြန့် ကျဲလို့...
ဒါပေမယ့်လည်း
လွယ်လင့်တကူမေ့ ဖျောက်လို့မရတော့
အတိတ်နေ့ရက်တွေကိုတမ်းတရင်းနဲ့
ကမ်းဝေးနေတဲ့ ငါ့အလွမ်းတွေကို
ကြယ်လေးတွေပဲသိပါစေတော့ကွယ်.....။
လရောင်(ဆေးဘက်)
ငါ့ အချစ်တွေ က
အိမ်မက်ထဲမှာတော့ မင်းအတွက် အခါခါ
ဖူးပွင့် နေတဲ့ ဥယျာဉ် တစ် ခုပါပဲ....
ဆုံနိုင်ခွင့် မရှိတဲ့နောက်
ရှေ့ ဆက်ရမဲ့ နေ့ ရက်တွေက
မျှော်လင့်ခြင်းတွေ
တစ်စစီပြန့် ကျဲလို့...
ဒါပေမယ့်လည်း
လွယ်လင့်တကူမေ့ ဖျောက်လို့မရတော့
အတိတ်နေ့ရက်တွေကိုတမ်းတရင်းနဲ့
ကမ်းဝေးနေတဲ့ ငါ့အလွမ်းတွေကို
ကြယ်လေးတွေပဲသိပါစေတော့ကွယ်.....။
လရောင်(ဆေးဘက်)
Wednesday, December 16, 2009
အရင်အတိုင်း
ဒဏ္ဍာရီ တစ် ပုဒ်လို
အဆုံး သတ် မလှပတဲ့ အတိတ် ကို
အတိတ်မှာ ထားခဲ့ တာပါပဲ။
ဒါပေမဲ့ တိုက် ဆိုင် မှုတွေရှိတိုင်း
ဟိုတုန်းက အမှတ်တရတွေကို
သတိရမိရင်းမိုးရေစက်တွေကြားထဲ
မင်းအမည်လေး ငါတိုးတိုးခေါ်နေမိတယ်....။
မင်းမရှိတဲ့မြို့တော် မှာ
ငါခံစားချက်တွေ ဘာသာ မဲ့ နေခဲ့တာ
ကြယ်လေးတွေသိပါလိမ့် မယ်...
အလွမ်းတွေ တောက်လျှောက်ခိုဝင်နေတဲ့
ငါ့ရင်ခွင်ထဲ
မင်းပုံရိပ်တွေ ပွင့် ဝေနေတုန်းပဲ..
ထပ်ပြောပါရစေ....
မသေချာခြင်းတွေကတစ္ဆေ တစ်ကောင် လို
အိပ်မက်ထဲထိ ခြောက်လှန့်နေပေမဲ့
ခွင့် လွှတ်ခြင်းမျှောင်လင့် ခြင်းတွေနဲ့
ငါ့အချစ်တွေ နေမ၀င်သေးဘူးဆိုတာ....
လရောင်(ဆေးဘက်)
အဆုံး သတ် မလှပတဲ့ အတိတ် ကို
အတိတ်မှာ ထားခဲ့ တာပါပဲ။
ဒါပေမဲ့ တိုက် ဆိုင် မှုတွေရှိတိုင်း
ဟိုတုန်းက အမှတ်တရတွေကို
သတိရမိရင်းမိုးရေစက်တွေကြားထဲ
မင်းအမည်လေး ငါတိုးတိုးခေါ်နေမိတယ်....။
မင်းမရှိတဲ့မြို့တော် မှာ
ငါခံစားချက်တွေ ဘာသာ မဲ့ နေခဲ့တာ
ကြယ်လေးတွေသိပါလိမ့် မယ်...
အလွမ်းတွေ တောက်လျှောက်ခိုဝင်နေတဲ့
ငါ့ရင်ခွင်ထဲ
မင်းပုံရိပ်တွေ ပွင့် ဝေနေတုန်းပဲ..
ထပ်ပြောပါရစေ....
မသေချာခြင်းတွေကတစ္ဆေ တစ်ကောင် လို
အိပ်မက်ထဲထိ ခြောက်လှန့်နေပေမဲ့
ခွင့် လွှတ်ခြင်းမျှောင်လင့် ခြင်းတွေနဲ့
ငါ့အချစ်တွေ နေမ၀င်သေးဘူးဆိုတာ....
လရောင်(ဆေးဘက်)
အခါလွန်မိုး
တကယ်ဆိုရင်
အတိတ်ဟာ နောက် ပြန်လှည့် စရာမလိုအောင်
ဟိုးအဝေးမှာကျန်ခဲ့ပေမယ့်
အတိတ်ရဲ့  သံစဉ် ခါးခါး အောက် မှာတော့
အလွမ်းတွေက ခမ်းနားနေတုန်းပါပဲ။
မရည်ရွယ်ခဲ့ ပါဘူး
အခါလွန်မိုးဖြစ် ဖို့
ဖြစ်လာ သမျှဟာ ကံကြောင့် ပါလို့
မပြောချင် သော်လည်း
မင်းရဲ့  အဝေးမှာတော့
့အလွမ်းတွေနဲ့ ညတာရှည်ခဲ့ ရတယ်
တကယ်တော့ ရင်ခွင် တစ် ခု လုံး
မိုးသည်းသည်းရွာ မှ
နှလုံးသားမီးတောက် ကို စတင် ထွန်းညှိမိခဲ့ သူဟာ
ငါ ပါပဲကွယ်။
လရောင်(ဆေးဘက်)
ှ
အတိတ်ဟာ နောက် ပြန်လှည့် စရာမလိုအောင်
ဟိုးအဝေးမှာကျန်ခဲ့ပေမယ့်
အတိတ်ရဲ့  သံစဉ် ခါးခါး အောက် မှာတော့
အလွမ်းတွေက ခမ်းနားနေတုန်းပါပဲ။
မရည်ရွယ်ခဲ့ ပါဘူး
အခါလွန်မိုးဖြစ် ဖို့
ဖြစ်လာ သမျှဟာ ကံကြောင့် ပါလို့
မပြောချင် သော်လည်း
မင်းရဲ့  အဝေးမှာတော့
့အလွမ်းတွေနဲ့ ညတာရှည်ခဲ့ ရတယ်
တကယ်တော့ ရင်ခွင် တစ် ခု လုံး
မိုးသည်းသည်းရွာ မှ
နှလုံးသားမီးတောက် ကို စတင် ထွန်းညှိမိခဲ့ သူဟာ
ငါ ပါပဲကွယ်။
လရောင်(ဆေးဘက်)
ှ
Subscribe to:
Posts (Atom)