Tuesday, March 30, 2010

တစ်နေ့နေ့

ဖြစ်နိုင်မယ်ဆိုရင်
ဘ၀ကို စိတ်ကူးတွေ အတိုင်း
ထုဆစ်ပုံဖော်ချင်မိတယ်။
ခုတော့
ဆန္ဒတွေလဲ မျိုသိပ်ရလွန်းလို့
ကြာတော့လဲ ဆွံ့ အနေခဲ့ ပြီ။

မတောက်ပသေးတဲ့ မျှော်လင့်ခြင်းတွေရယ်
လောကနဲ့ သဟဇာတ မဖြစ်သေးတဲ့ ခြေတစ်စုံရယ်
မပြောဖြစ်ခဲ့ တဲ့ စကားတစ်ခွန်းရယ်.....ပေါ့
အားလုံးကိုတစ်နေ့နေ့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါ သိမ်းဆည်းထားတယ်။
အရာရာတိုင်းက အရင်နေရာမှာရှိနေပေမဲ့
မနက်ဖြန်တိုင်းအတွက်
ကိုယ့် ကိုယ် ကို ဖန်ဆင်းနေမိတယ်
တစ်နေ့ နေ့ ဆိုတဲ့ မျှောင်လင့်ခြင်းနဲ့.....


လရောင်(ဆေဘက်)

No comments:

Post a Comment