Monday, May 3, 2010

တစ်ခါကမိုး

တစ်ခါရွာခဲ့ ဖူးတဲ့ မိုးဟာ...
ခုထိရွှဲရွှဲစိုနေတုန်း။

ယုံကြည်ခဲ့ ဖူးတဲ့ မျကိဝန်းတွေထဲ
အိပ်မက်တစ်ဆင်စာထုဆစ်ရင်း
နေ့ရက်ဟောင်းက သံစဉ်တစ်ပုဒ်ဟာ
မျှော်လင့်ချင်းတွေနဲ့
လင်းလက်တောက်ပခဲ့ဖူးတယ်။

ခရမ်းရောင်ကောင်းကင်အောက်
မင်းအတွက်ပန်းတစ်ခင်းပျိုးထားပေမဲ့
ပြန်မလာတဲ့သူရယ်.....
အချစ်ကရေခံမြေခံ မကောင်းခဲ့လို့လား
ရေသောက်မြစ်တွေ မနက်ရှိုင်းခဲ့ လို့လား.....။

တကယ်တော့
မင်းကိုမနေ့ကကမ္ဘာမှာထားခဲ့ ဖို့
မင်းမပါတော့တဲ့ အနာဂတ်မှာ
ခံနိုင်ရည်ရှိစွာရှေ့ ဆက်ဖို့
ဟိုး အရင်က တောက်ပခဲ့ ဖူးတဲ့ နေ့စွဲ တစ်ချို့ကို
မှတ်ညဏ်ထဲမှာအခါခါသီဆိုရင်း....
ဒီရင်ထဲ
တစ်ခါရွာခဲ့ ဖူးတဲ့ မိုးဟာ
ခုထိရွှဲရွှဲစိုနေတုန်း......။


လရောင်(ဆေးဘက်)

Monday, April 19, 2010

ကျွနုပ် လေးစားရလောပုဂ္ဂိုလ်/ ခင်မင်ရသော အစ်မတစ်ယောက်

ကျွန်မ ဘ၀မှာ အရမ်းကို လေးစားချစ်ခင် အားကိုးရတဲ့ အစ်မတစ်ယောက်ရှိပါတယ်၊ ကျွန်မတို့ဟာ ဟိုးငယ်ငယ်ကလေးတည်းကတွေ့ဆုံခဲ့ ကြတာမဟုတ်ပါဘူး ဒါပေမယ့်စကားတစ်ခွန်းရှိတယ် သိတယ်မလား ခင်ရာဆွေမျိုးမိန်ရာဟင်းကောင်းဆိုတာလေ.အဲဒီလိုပဲ ကျွန်မတို့လဲ တစ်ယောက်နဲ့တစ်ယောကညီမအရင်းတွေလိုအရမ်းကိုခင်မင်သွားကြတယ်။ အဲဒီလိုခင်မင်ဖို့ဖြစ်လာတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ.ပြီးတော့ ကျွန်မရဲ့စိတ်ဓါတ်အကျင့်နဲ့လဲအများကြီးသက်ဆိုင်တယ်လေ။ကျွန်မက လူတစ်ယောက်ကိုခင်မင်ပြီဆိုရင် ကိုယ့်သွေးသားရင်းထက်တောင်မှခင်တတ်တယ်၊ အစ်မကိုစတွေ့တုန်းက အဲဒီလောက်ခင်မိလိမ့်မယ်လို့မထင်ခဲ့မိဘူး၊အစ်မ ကလေ အရမ်းကိုစိတ်ထားဖြူစင်တယ်။ ပြီးတော့စိတ်တည်ငြိမ်တယ်၊ရိုးသားပွင့်လင်းတယ် ဘယ်တော့မှဟန်မဆောင်ဘူး၊အငယ်တွေအပေါ်မှာဘယ်တော့မှအနိုင်မကျင့်ဘူးဆိုလိုတာက အငယ်တွေကိုကိုယ့်ရဲ့ဂျူနီယာဆိုပြီးတော့ဟိန်းတာဟောက်တာဘယ်တော့မှမလုပ်တတ်ဘူး အမြဲတမ်းအမှားတွေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းပေးတယ်။နောက်တစ်ချက်က တကိုယ်ကောင်းမဆန်ဘူး၊ကျွန်မလေးစားရတဲ့ အချက်အတော်များများ ၊အကုန်လုံးနီးပါး အစ်မ မှာရှိတယ်။နောက်တစ်ခါ အစ်မလိုလူမျိုးနဲ့ထပ်ဆုံဖို့ဆိုရင်တော့အခုလိုခေတ်ကြီးထဲမှာကျွန်မကံအရမ်းကောင်းမှဖြစ်မယ်၊အခုက ဘယ်အလုပ်မှာမဆိုနေရာရဖို့ကိုအသည်းအသန်ကြိုးစားနေကြတာလေ၊အဲဒီတော့ ကိုယ့်ကိုယ်ကျိုးကိုပဲကြည့်တဲ့ သူများလာတယ်၊ကိုယ့်ရဲ့ အတ္တက ကိုယ့်ရဲစိတ်ကောင်းလေးတွေကို ဖဲ့ဖဲ့ ယူသွားတာကြာတော့ ကျွန်မတို့ဆီမှာ ကိုယ်ချင်းစာစိတ်က တဖြည်းဖြည်းနဲ့လျော့ ပါးလာကြတယ်။အဲဒီတော့ ထစ်ခနဲဆိုပေါက်ကွဲဖို့ က အဆင်သင့်ဖြစ်နေတတ်တယ်၊
စိတ်တူကိုယ်တူသူငယ်ချင်းရဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ် ၊အဲဒီတော့ဒီဘလော့လေးကိုဖတ်ဖြစ်ကြတဲ့သူတိုင်း ကိုယ့်ရဲ့အခင်မင်ဆုံးရဆုံးသူတွေအကြောင်းကို ဝေငှလို့ရပါတယ်၊

နောက်ဆုံးပြောချင်တာက အဲဒီအစ်မက ဘယ်သူလဲဆိုတာ သိချင်ကြမှာပဲနော်၊သူကတော့ မမေဇင်လှိုင် ပါပဲ။





have a nivce day

Tuesday, March 30, 2010

တစ်နေ့နေ့

ဖြစ်နိုင်မယ်ဆိုရင်
ဘ၀ကို စိတ်ကူးတွေ အတိုင်း
ထုဆစ်ပုံဖော်ချင်မိတယ်။
ခုတော့
ဆန္ဒတွေလဲ မျိုသိပ်ရလွန်းလို့
ကြာတော့လဲ ဆွံ့ အနေခဲ့ ပြီ။

မတောက်ပသေးတဲ့ မျှော်လင့်ခြင်းတွေရယ်
လောကနဲ့ သဟဇာတ မဖြစ်သေးတဲ့ ခြေတစ်စုံရယ်
မပြောဖြစ်ခဲ့ တဲ့ စကားတစ်ခွန်းရယ်.....ပေါ့
အားလုံးကိုတစ်နေ့နေ့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါ သိမ်းဆည်းထားတယ်။
အရာရာတိုင်းက အရင်နေရာမှာရှိနေပေမဲ့
မနက်ဖြန်တိုင်းအတွက်
ကိုယ့် ကိုယ် ကို ဖန်ဆင်းနေမိတယ်
တစ်နေ့ နေ့ ဆိုတဲ့ မျှောင်လင့်ခြင်းနဲ့.....


လရောင်(ဆေဘက်)

Sunday, February 14, 2010

အပြုံးပုစ္ဆာ

ဲတိတ်တိတ်လေးပဲ သိမ်းထားခဲ့ရသလို
ဲတိတ်တိတ်လေးပဲ ထုတ်ဖတ်မိပါတယ်
တစ်ခါရွာခဲ့ဖူးခဲ့တဲ့မိုး
ယခုထိ တစိမ့်စိမ့်အေးနေတုန်းပဲ
ရှုခင်းတွေကလည်း ကြည်လင်တောက်ပနေတုန်းပဲ
အိပ်မက်မရှိချင်ပါဘူး
ကိုယ့်မှာ ညတွေ ကျပျောက်သွားတာကြာပြီလေ
ကိုယ့်အတွေးမှာ
သူ့ အပြုံးတွေကို လှမ်းကြည့်လိုက်တိုင်း
ကြယ်စင်လေးလား
ကိုယ့် ကဗျာတို့ရဲ့ အတွေးအိမ်ထဲ
တိတ်တိတ်လေးပဲ အဖြေရှာနေတယ်။ ။



ညိုပြာဝိုင်

Friday, February 12, 2010

အချစ်ဧ။် နောက်ကွယ်

မျှော်လင့်ချင်းတွေထားရစ်ခဲ့ပြီး
ပြန်လှည့်ကြည်တော့အနားမှာ မရှိခဲ့
တကယ်ဆို မင်းကိုအိမ်မက်တောင်
ဆက်မမက်သင်.တော့ဘူးနော်.....

လှိုင်းတွေကကမ်းပါးကို
တိုက်စားသွားသလို
အလွမ်းတွေက နှလုံးသားကိုဖဲ့ခြွေခဲ့..
တွယ်ရာမဲ့နေတဲ့နှလုံးသားကလဲ
တစ်ချိန်ကမင်းမျက်ဝန်းတွေပဲ
လွမ်းမောတမ်းတနေခဲ့တော့
ငါ့ရဲ့ဆယ့်နှစ်ရာသီက
ခရမ်းရင့်ရောင်တွေပဲ ပြည့်နှက်နေခဲ့တယ်..

ငါကတော့
ဒဏ်ရာတွေနက်ဖြန်ကျက်မလားလို့
မျှော်လင့်ရင်းနဲ့ မနာကြည်းတတ်တဲ့နှလုံးသားကိုပဲ
(အခါခါ) အပြစ်တင်နေမိတယ်...။
..............................................................................
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Wednesday, January 27, 2010

ပန်းအဘိဓာန်

၁။ ကံ့ကော်ပန်း ........... မပြောင်းလဲတဲ့ထာဝရအချစ်ပါ
၂။ကြာပန်း ........... မိတ်ဆွေတွေရဲ့ ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်
၃။ခရေပန်း ........... မေ့မသွားပါနဲ့ကွယ်
၎။ခတ္တာပန်း ............ အားငယ်ရတဲ့သူမို့ညှာတာပါ
၅။ချယ်ရီပန်း ............. တစ်နေ့နေ့တော့ဝေးရဦးမယ်
၆။ခေါင်လောင်းပန်း ............ အမြန်ဆုံးနီးခွင့်ရချင်တယ်
၇။ဂန္ဒမာပန်းအဖြူ ............ ငြိမ်းချမ်းပါစေ
၈။ဂန္ဒမာပန်းအ၀ါ ............ သတိရနေတယ်
၉။ဂမုန်းပန်း ............ မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေရတဲ့ချစ်သူပါ
၁၀။စံပယ်ပန်း ............ မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်
၁၁။ဆပ်သွားဖူးပန်း ............ သစ္စာမရှိတဲ့သူအတွက်ဝမ်းနည်းရတယ်
၁၂။ဆောင်တော်ကူပန်း........... မင်းကြောင့်ကိုယ့်မှာရူးရပြီ
၁၃။ဆယ့်နှစ်ရာသီပန်း .......... ရိုးသားဖြူစင်ခြင်း
၁၄။ညမွှေးပန်း ......... . အရာရာဟယမင်းအတွက်ဖြစ်စေရမယ်လို့ကတိပေးပါတယ်
၁၅။ခရမ်းရောင်ပန်းပွင့် .......... မျှော်လင့်သလိုဖြစ်လာပါစေ။

Wednesday, January 6, 2010

ဟာသလေးများ

သက်တမ်း

ဖန်ဆင်းရှင်က ခွေးကို ဖန်တီးလိုက်သည်။ ခွေး၏သက်တမ်းကို ၂၀ နှစ်ရှိစေဟု
သတ်မှတ်လိုက်သည်။ ခွေးက ဆင်ခြေတက်၏။

ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား နှစ် ၂၀ တောင်ဆိုတော့
အချိန်အကြာကြီးဟောင်နေရမှာပေါ့။ ၁၀ နှစ်ပဲ နေချင်ပါတယ်။ ပိုတဲ့ ၁၀ နှစ်
ပြန်ယူထားပေးပါလား။
ဖန်ဆင်းရှင်က သဘောတူလိုက်သည်။ ထို့နောက် မျောက်ကို
ဖန်ဆင်းပြန်၏။ မျောက်၏ ဘ၀သက်တမ်းကို နှစ်၂၀ သတ်မှတ်ပေးလိုက်၏။ မျောက်က
ဆင်ခြေပေးသည်။
မျောက်။ ။အောင်မယ်လေး။ နှစ်၂၀ လုံးလုံး လူတွေကို ဖျော်ဖြေနေရမယ်။
သွားဖြဲပြနေရမယ်ဆိုတော့ ဘယ်ကောင်းတော့မလဲ။ ဖန်ဆင်းရှင်ရယ် ၁၀ နှစ်ပဲ
နေပါရစေ။ ကျန်တဲ့ ၁၀ နှစ်ပြန်နုတ်ပေးပါ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်သည်။ ထို့နောက်
နွားကိုဖန်ဆင်းပြန်၏။ နွား၏ သက်တမ်းကို နှစ် ၆၀ သတ်မှတ်လိုက်ရာ နွားက
အသနားခံ၏။
နွား။ ။ ဖန်ဆင်းရှင်ခင်ဗျား။ နွားကို လယ်ထွန်ရမယ် ၊ နေဒဏ်မိုးဒဏ်ခံရမယ် ၊
လယ်သမားမိုသားစု အတွက် နွားနို့ထုတ်ပေးရမယ် ဆိုတာတွေကို လိုက်နာပါ့မယ်။
ဒါပေမဲ့ နှစ် ၆၀ တောင် အဲဒီလိုကြီး လုပ်နေရမယ်ဆိုတော့ နွားတောင်
မဖြစ်ခင်တော့ပါဘူး။
နှစ် ၂၀ ပဲ နေပါရစေ။ ပိုတဲ့ နှစ် ၄၀ ပြန်နုတ်ယူထားပေးပါလား။ နော်....။
ဖန်ဆင်းရှင် သဘောတူလိုက်ပြီးနောက် လူကိုဖန်ဆင်းလိုက်သည်။
လူ့သက်တမ်းက နှစ် ၂၀ ဟု သတ်မှတ်ပေးလိုက်၏။ လူက ဆင်ခြေတက်သည်။
လူ။ ။ ဖန်ဆင်းရှင်အနေနဲ့ လူအဖြစ် နှစ် ၂၀ နေရမယ်။ ဘ၀ တစ်လျှောက်
အိပ်လိုက် ၊ စားလိုက် ၊ ကစားလိုက်လုပ်ရမယ်။ လက်ထပ်ရမယ်လို့
ပြဋ္ဌာန်းပေးတာတွေကို ကျေနပ်ပါတယ်။ ဒါပေမဲ့ သက်တမ်းနှစ် ၂၀ ဆိုတာ
နည်းလွန်းပါတယ်ဗျား။
ဖန်ဆင်းရှင် ပြန်နုတ်ထားတဲ့ ခွေးဆီက ၁၀ နှစ် ။ မျောက်ဆီက ၁၀
နှစ်နဲ့ နွားဆီကနှစ် ၄၀ စုစုပေါင်း နှစ် ၆၀ ကျွှန်တော့်ကို
ထပ်ဆောင်းပေးပါလား။ ဒါမှ နေပျော်မှာပေါ့။
ဖန်ဆင်းရှင် သဘောတူလိုက်၏။
ထို့ကြောင့် လူသည် ပထမနှစ် ၂၀ တွင် စားခြင်း ၊ အိပ်ခြင်း ၊ ဆော့ခြင်း ၊
အပျော်ရှာခြင်းတို့သာလုပ်၏။ ဒုတိယနှစ် ၄၀ တွင် နွားကဲ့သို့
ရုန်းကန်လှုပ်ရှားရပြီး တတိယ ၁၀ နှစ်တွင် မျောက်ကဲ့သို့ မြေးများနှင့်
အတူဆော့ရကာ နောက်ဆုံး ၁၀ နှစ်တွင်
အလကားနေရင်းဟောင်ဖွာဟောင်ဖွာလုပ်ရလေ့ရှိ၏။