တစ်ခါရွာခဲ့ ဖူးတဲ့ မိုးဟာ...
ခုထိရွှဲရွှဲစိုနေတုန်း။
ယုံကြည်ခဲ့ ဖူးတဲ့ မျကိဝန်းတွေထဲ
အိပ်မက်တစ်ဆင်စာထုဆစ်ရင်း
နေ့ရက်ဟောင်းက သံစဉ်တစ်ပုဒ်ဟာ
မျှော်လင့်ချင်းတွေနဲ့
လင်းလက်တောက်ပခဲ့ဖူးတယ်။
ခရမ်းရောင်ကောင်းကင်အောက်
မင်းအတွက်ပန်းတစ်ခင်းပျိုးထားပေမဲ့
ပြန်မလာတဲ့သူရယ်.....
အချစ်ကရေခံမြေခံ မကောင်းခဲ့လို့လား
ရေသောက်မြစ်တွေ မနက်ရှိုင်းခဲ့ လို့လား.....။
တကယ်တော့
မင်းကိုမနေ့ကကမ္ဘာမှာထားခဲ့ ဖို့
မင်းမပါတော့တဲ့ အနာဂတ်မှာ
ခံနိုင်ရည်ရှိစွာရှေ့ ဆက်ဖို့
ဟိုး အရင်က တောက်ပခဲ့ ဖူးတဲ့ နေ့စွဲ တစ်ချို့ကို
မှတ်ညဏ်ထဲမှာအခါခါသီဆိုရင်း....
ဒီရင်ထဲ
တစ်ခါရွာခဲ့ ဖူးတဲ့ မိုးဟာ
ခုထိရွှဲရွှဲစိုနေတုန်း......။
လရောင်(ဆေးဘက်)
Monday, May 3, 2010
Subscribe to:
Posts (Atom)