Monday, April 19, 2010

ကျွနုပ် လေးစားရလောပုဂ္ဂိုလ်/ ခင်မင်ရသော အစ်မတစ်ယောက်

ကျွန်မ ဘ၀မှာ အရမ်းကို လေးစားချစ်ခင် အားကိုးရတဲ့ အစ်မတစ်ယောက်ရှိပါတယ်၊ ကျွန်မတို့ဟာ ဟိုးငယ်ငယ်ကလေးတည်းကတွေ့ဆုံခဲ့ ကြတာမဟုတ်ပါဘူး ဒါပေမယ့်စကားတစ်ခွန်းရှိတယ် သိတယ်မလား ခင်ရာဆွေမျိုးမိန်ရာဟင်းကောင်းဆိုတာလေ.အဲဒီလိုပဲ ကျွန်မတို့လဲ တစ်ယောက်နဲ့တစ်ယောကညီမအရင်းတွေလိုအရမ်းကိုခင်မင်သွားကြတယ်။ အဲဒီလိုခင်မင်ဖို့ဖြစ်လာတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ.ပြီးတော့ ကျွန်မရဲ့စိတ်ဓါတ်အကျင့်နဲ့လဲအများကြီးသက်ဆိုင်တယ်လေ။ကျွန်မက လူတစ်ယောက်ကိုခင်မင်ပြီဆိုရင် ကိုယ့်သွေးသားရင်းထက်တောင်မှခင်တတ်တယ်၊ အစ်မကိုစတွေ့တုန်းက အဲဒီလောက်ခင်မိလိမ့်မယ်လို့မထင်ခဲ့မိဘူး၊အစ်မ ကလေ အရမ်းကိုစိတ်ထားဖြူစင်တယ်။ ပြီးတော့စိတ်တည်ငြိမ်တယ်၊ရိုးသားပွင့်လင်းတယ် ဘယ်တော့မှဟန်မဆောင်ဘူး၊အငယ်တွေအပေါ်မှာဘယ်တော့မှအနိုင်မကျင့်ဘူးဆိုလိုတာက အငယ်တွေကိုကိုယ့်ရဲ့ဂျူနီယာဆိုပြီးတော့ဟိန်းတာဟောက်တာဘယ်တော့မှမလုပ်တတ်ဘူး အမြဲတမ်းအမှားတွေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းပေးတယ်။နောက်တစ်ချက်က တကိုယ်ကောင်းမဆန်ဘူး၊ကျွန်မလေးစားရတဲ့ အချက်အတော်များများ ၊အကုန်လုံးနီးပါး အစ်မ မှာရှိတယ်။နောက်တစ်ခါ အစ်မလိုလူမျိုးနဲ့ထပ်ဆုံဖို့ဆိုရင်တော့အခုလိုခေတ်ကြီးထဲမှာကျွန်မကံအရမ်းကောင်းမှဖြစ်မယ်၊အခုက ဘယ်အလုပ်မှာမဆိုနေရာရဖို့ကိုအသည်းအသန်ကြိုးစားနေကြတာလေ၊အဲဒီတော့ ကိုယ့်ကိုယ်ကျိုးကိုပဲကြည့်တဲ့ သူများလာတယ်၊ကိုယ့်ရဲ့ အတ္တက ကိုယ့်ရဲစိတ်ကောင်းလေးတွေကို ဖဲ့ဖဲ့ ယူသွားတာကြာတော့ ကျွန်မတို့ဆီမှာ ကိုယ်ချင်းစာစိတ်က တဖြည်းဖြည်းနဲ့လျော့ ပါးလာကြတယ်။အဲဒီတော့ ထစ်ခနဲဆိုပေါက်ကွဲဖို့ က အဆင်သင့်ဖြစ်နေတတ်တယ်၊
စိတ်တူကိုယ်တူသူငယ်ချင်းရဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ် ၊အဲဒီတော့ဒီဘလော့လေးကိုဖတ်ဖြစ်ကြတဲ့သူတိုင်း ကိုယ့်ရဲ့အခင်မင်ဆုံးရဆုံးသူတွေအကြောင်းကို ဝေငှလို့ရပါတယ်၊

နောက်ဆုံးပြောချင်တာက အဲဒီအစ်မက ဘယ်သူလဲဆိုတာ သိချင်ကြမှာပဲနော်၊သူကတော့ မမေဇင်လှိုင် ပါပဲ။





have a nivce day